buddhasin
ဘုရားဂုဏ်တော် ၁။ ဘ၀သောတံ ဟဝေ ဗုဒ္ဓေါ တိဏ္ဏော လောကန္တဂူဝိဒူ ။ ဧတေန သစ္စဝဇ္ဇေန၊ ဂမနံ မေ သမိဇ္ဈတု ။ သောတ္ထိ မေ ဟောတုသဗ္ဗဒါ၊ ဗျာဓိ မေ ဝူပသမ္မတု၊ ဗန္ဓနာ မေ ပမုစ္စတု ။ အနက် ။ ဗုဒ္ဓေါ-သဗ္ဗညုတဗုဒ္ဓ အမည်ရသည့် လောကထွဋ်ထားမြတ်ဘုရားသည်၊ ဟဝေ-စစ်စစ်ဧကန် အမှန်ပင်၊ ဘဝသောတံ-ဘဝသုံးသွယ်ရေပြင်ကျယ်ကို၊ တိဏ္ဏော-နိဗ္ဗူထုတ်ချောက်မှာ ကမ်းရောက်အောင်၊ ကူးမြောက်တော်မူပြီးဖြစ်ရကား၊ လောကန္တဂူ-လောက၏အဆုံးသို့နှလုံးကြည်ဖြူဆိုက်ရောက်တော်မူလေပြီ။ ဝိဒူ-ခပ်သိမ်းသောတရားတို့ကို ပိုင်းခြားထင်ထင်၊ သိမြင်တော်မူလေပြီ။ သစ္စာပြုခြင်း ဧတေန သစ္စဝဇ္ဇေန၊ ဝစီမင်္ဂလာ ဤမှန်ကန်သော သစ္စာ စကားကြောင့်.... ဆုတောင်းခြင်း + မေ- အကျွှန်ုပ်၏ (တုမှာကံ- သင်တို့၏) ဂမေနံ-ယခုခရီးသွားရခြင်းကိစ္စခပင်းသည် သမိဇ္ဈတု- သိဒ္ဓိဝန်ထောက် တံခွန်ရောက်အောင်၊ ပြီးမြောက်ကုံလုံပြည့်စုံပါစေ သတည်း။ ၀ါ- အန္တရာယ်အမှောင့်ရန်မရောက်အောင်စောင့်ရှောက်ကာကွယ်နိုင်ပါစေသတည်း။ + မေ-အကျွှန်ုပ်၏ (တုမှာကံ- သင်တို့၏) သဗ္ဗဒါ-ခပ်သိမ်းသော သောတ္ထိ-ချမ်းသာခြင်းသည် ဟောတု-ဖြစ်ပါစေသတည်း။ + မေ-အကျွှန်ုပ်၏ (တုမှာ...