လိုအပ်ချက်
လက်တွေ့ဘ၀လေးတစ်ခု တည်ဆောက်နိုင်အောင်
လိုအပ်ချက်မရှိစေရန်...
စဉ်းစားတွေဝေ မနေပါနဲ့....
ကန်တော်မင်းကျောင်းဆရာတော်॥
ဆန္ဒာဂတိ ဟူသည် မိမိနှင့် ရင်းနှီးအကျွမ်းဝင်ကာ ချစ်ခင်တွယ်တာမိသောကြောင့် တရားမှုကို မတရားဟူ၍လည်းကောင်း၊ မတရားမှုတို့ကို တရားသည်ဟူ၍လည်းကောင်း ဘက်လိုက်၍ ဦးစားပေးကာ အနိုင်ဆုံးဖြတ်ဆောင်ရွက်ခြင်းမျိုးကို ခေါ်ပေသည်။ ယင်းအပြုအမူကိုပင် “ဆန္ဒာဂတိ” လိုက်စားသည်ဟု ခေါ်ပါသည်။
ဒေါသဂတိသည် မိမိနှင့် ဆန့်ကျင်ဘက်ဖြစ်၍ မိမိအားမထီမဲ့မြင်ပြုသော ကိုယ်အမူအရာ၊ သို့မဟုတ် နှုတ်အမူအရာ တစ်ခုခုပြုခဲ့ဖူးသောကြောင့် တရားသည်ကို မတရား၏ ဟုလည်းကောင်း၊ ဒေါသထွက်ရကား မတရားသည်ကို တရားသည်ဟူ၍ ဘက်လိုက်ဆုံးဖြတ်ကာ ဆောင်ရွက်ခြင်းမျိုးကို ခေါ်ပေသည်။ ဤသို့ ပြုမူဆောင်ရွက်ခြင်းမျိုးကို “ဒေါသဂတိ” လိုက်စားသည်ဟု ခေါ်ပါသည်။
ဘယာဂတိသည် မိမိအား ရန်ပြုလိမ့်မည်၊ မိမိ၏ ကိုယ်ကျိုးစီးပွားကို ထိခိုက်နစ်နာစေလိမ့်မည် စသည်ဖြင့် မိမိထက်တန်ခိုးအာဏာ ဥစ္စာပစ္စည်း အသက်အရွယ်အဆင့်အတန်း ဂုဏ်ရှိန်သတင်း အဆင်းရောင်အ၀ါ အားဖြင့် ကြီးကျယ် မြင့်မားသူတို့၏ နှိပ်စက်ချုပ်ခြယ်အန္တရာယ်ပြုမည့်ဘေးကို ကြောက်ရွံ့စိုးရိမ်သောကြောင့် တရား သည်ကို မတရားသည်ဟူ၍လည်းကောင်း၊ မတရားသည်ကို တရား၏ဟူ၍လည်းကောင်း ဘက်လိုက်၍ အနိုင်ပေး ဆုံးဖြတ်ဆောင်ရွက်ခြင်းမျိုးကို ခေါ်လေသည်။ ဤသို့ ဆောင်ရွက်ခြင်းကိုပင် “ဘယာဂတိ” လိုက်စားသည်ဟု ခေါ်ပါသည်။
မောဟဂတိသည် မိမိ၏အရည်အချင်း ဗဟုသုတ ပညာအတွေ့အကြုံများနှင့် မကိုက်ညီ၊ အလှမ်းမမီသည့် အမှုကိစ္စများနှင့် ကြုံတွေ့လာရသောအခါ မလုပ်တတ် မကိုင်တတ်ဖြစ်လေ့ရှိသည်။ ထိုအခါမျိုး၌ တွေဝေပျံလွင့်ကာ ဒွိဟ သံသယဖြစ်သောကြောင့် မှားမှားမှန်မှန် အရမ်းကာရော ဖြစ်ချင်ရာ ဖြစ်စေတော့ဟု ဆုံးဖြတ်ဆောင်ရွက်လိုက်ခြင်းမျိုးကို “မောဟဂတိ” လိုက်စားသည်ဟု ခေါ်ပါသည်။
linnhtet
လိုအပ်ချက်မရှိစေရန်...
စဉ်းစားတွေဝေ မနေပါနဲ့....
အဂတိတရား လေးပါး
“ ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ၊ အပါယ်ကျသား၊ ဓမ္မလေးမည်၊ ဂတိတည်၍၊ လူ့ပြည်၊ နတ်ရွာ၊ ချမ်းသာကောင်းမွန်၊ စံစုန်ဆန်၍၊ နိဗ္ဗာန်ရောက်ကြောင်း၊ ကျင့်ကောင်းသီလ၊ လှူဒါနနှင့် ၊ ပုညလယ်မြေ၊ စိုက်ကြဲထွေဖြင့်၊ ပျိုးခြေအပင် စည်စေမင်း”॥ကန်တော်မင်းကျောင်းဆရာတော်॥
ဆန္ဒာဂတိ ဟူသည် မိမိနှင့် ရင်းနှီးအကျွမ်းဝင်ကာ ချစ်ခင်တွယ်တာမိသောကြောင့် တရားမှုကို မတရားဟူ၍လည်းကောင်း၊ မတရားမှုတို့ကို တရားသည်ဟူ၍လည်းကောင်း ဘက်လိုက်၍ ဦးစားပေးကာ အနိုင်ဆုံးဖြတ်ဆောင်ရွက်ခြင်းမျိုးကို ခေါ်ပေသည်။ ယင်းအပြုအမူကိုပင် “ဆန္ဒာဂတိ” လိုက်စားသည်ဟု ခေါ်ပါသည်။
ဒေါသဂတိသည် မိမိနှင့် ဆန့်ကျင်ဘက်ဖြစ်၍ မိမိအားမထီမဲ့မြင်ပြုသော ကိုယ်အမူအရာ၊ သို့မဟုတ် နှုတ်အမူအရာ တစ်ခုခုပြုခဲ့ဖူးသောကြောင့် တရားသည်ကို မတရား၏ ဟုလည်းကောင်း၊ ဒေါသထွက်ရကား မတရားသည်ကို တရားသည်ဟူ၍ ဘက်လိုက်ဆုံးဖြတ်ကာ ဆောင်ရွက်ခြင်းမျိုးကို ခေါ်ပေသည်။ ဤသို့ ပြုမူဆောင်ရွက်ခြင်းမျိုးကို “ဒေါသဂတိ” လိုက်စားသည်ဟု ခေါ်ပါသည်။
ဘယာဂတိသည် မိမိအား ရန်ပြုလိမ့်မည်၊ မိမိ၏ ကိုယ်ကျိုးစီးပွားကို ထိခိုက်နစ်နာစေလိမ့်မည် စသည်ဖြင့် မိမိထက်တန်ခိုးအာဏာ ဥစ္စာပစ္စည်း အသက်အရွယ်အဆင့်အတန်း ဂုဏ်ရှိန်သတင်း အဆင်းရောင်အ၀ါ အားဖြင့် ကြီးကျယ် မြင့်မားသူတို့၏ နှိပ်စက်ချုပ်ခြယ်အန္တရာယ်ပြုမည့်ဘေးကို ကြောက်ရွံ့စိုးရိမ်သောကြောင့် တရား သည်ကို မတရားသည်ဟူ၍လည်းကောင်း၊ မတရားသည်ကို တရား၏ဟူ၍လည်းကောင်း ဘက်လိုက်၍ အနိုင်ပေး ဆုံးဖြတ်ဆောင်ရွက်ခြင်းမျိုးကို ခေါ်လေသည်။ ဤသို့ ဆောင်ရွက်ခြင်းကိုပင် “ဘယာဂတိ” လိုက်စားသည်ဟု ခေါ်ပါသည်။
မောဟဂတိသည် မိမိ၏အရည်အချင်း ဗဟုသုတ ပညာအတွေ့အကြုံများနှင့် မကိုက်ညီ၊ အလှမ်းမမီသည့် အမှုကိစ္စများနှင့် ကြုံတွေ့လာရသောအခါ မလုပ်တတ် မကိုင်တတ်ဖြစ်လေ့ရှိသည်။ ထိုအခါမျိုး၌ တွေဝေပျံလွင့်ကာ ဒွိဟ သံသယဖြစ်သောကြောင့် မှားမှားမှန်မှန် အရမ်းကာရော ဖြစ်ချင်ရာ ဖြစ်စေတော့ဟု ဆုံးဖြတ်ဆောင်ရွက်လိုက်ခြင်းမျိုးကို “မောဟဂတိ” လိုက်စားသည်ဟု ခေါ်ပါသည်။
(ဤဆောင်းပါးအား ထူးခြားသည့် သာသနာပြု ပုဂ္ဂိုလ်နှင့် သုတရသ ဆောင်းပါးများ....သန်းဝင်းရှိန်॥မှကူးချပါသည်।)
linnhtet